Facebook

Theme images by Storman. Powered by Blogger.

Followers


ကွန်ပျူတာများကောင်းမွန်ဖို့ MHP ကို ဆက်သွယ်စို့....

Video Of Day

Full-Width Version (true/false)


Search This Blog

Breaking

Recent

Fonts

Nitro Pro 2022 Setup & Crack

Nitro Pro 2022 Setup & Crack  Mega Link      :     Download G Drive Link   :   Download  PCloud Link   :   Download 

  • ()
  • ()
Show more

Recent Posts

Share Us

Recent In Internet

Recent Post

Harddisk ကျန်းမာရေးစစ်ဆေးနည်း


Harddisk ကျန်းမာရေးစစ်ဆေးနည်း
ကွန်ပျူတာတွေမှာထည့်ထားသမျှ Data တွေကိုအဓိက သိမ်းဆည်း ထားတဲ့ Harddisk (HDD)ကိုကျန်းမာရေးစစ်ဆေးပေးဖို့  လိုအပ်ပါတယ်။ HDD ထဲမှာ သိမ်းထားသမျှ Data တွေဟာ      Harddisk ရဲ့ Sector ဆိုတဲ့ အပိုင်း၊အခန်းလေးတွေမှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။ ကွန်ပျူတာကို အသုံးပြုတာ
ကြာလာလို့ အပူတွေတက်လာတဲ့အချိန်၊အကြောင်း တစ်ခုခုကြောင့် Data သိမ်းဆည်းလို့မရတော့တဲ့အပိုင်းများ(bad sector) ဖြစ်သွားတတ်ပါတယ်။HDD မှာ Bad Sector တွေ များလာပြီဆိုရင်တော့HDD ကျန်းမာရေးအခြေအနေ သိပ်မကောင်းဖြစ်လာတတ်ပြီး နောက်ဆုံး Data တွေဆုံးရှုံးပျက်စီး သွားတတ် ပါတယ်။ HDD Space တွေနေရာလွတ် မကျန်တာတွေဖြစ်သွားတတ်ပါတယ်။

ကွန်ပျူတာအသစ်ဝယ်တာပဲဖြစ်ဖြစ်၊ လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာမှာဖြစ်ဖြစ် HDD ရဲ့ ကျန်းမာရေးကို စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။HDD Bad Sector တွေနဲ့ တစ်ခြား HDD Errorတွေကိုစစ်ဆေးချင်တယ်၊ ပြဿနာဖြစ်နေ ရင်ပြန်လည် ကောင်းမွန်လာအောင်ပြုလုပ်ချင်တယ်ဆိုရင် Cmd ကို Admin Right
နဲ့ ဖွင့်လိုက်ပါ။ Cmd မှာ chkdsk ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။HDD Partition Size များရင် များသလောက်စစ်ဆေးတဲ့ အချိန်ကြာနိုင်ပါတယ်။ chkdskCommand က HDD Partition အားလုံးကိုစစ်ဆေးပေးသွားမှာပါ။  တကယ်လို့ Partiton တစ်ပိုင်းတည်းကိုပဲ စစ်ဆေးချင်တယ်ဆိုရင်
chkdsk D:\ စသည်ဖြင့် ရိုက်ထည့်ပေးရမယ်။ပြဿနာဖြစ်နေတဲ့ အပိုင်း၊ bad Sector ကိုစစ်ဆေးတဲ့အချိန်မှာ တစ်ခါတည်း ပြန်လည်ြ ပုပြင် စေလိုတယ်ဆိုရင် chkdsk /f ကို ရိုက်
ထည့်ပေးရပါမယ်။ /f ဆိုတာက HDD ရဲ့ Error များကို Fix လုပ်၊ပြုပြင်ပေးတာကိုဆိုလိုပါတယ်။ chkdsk d: /f /r /x နဲ့ လည်းစစ်ဆေးနိုင်ပါတယ်။ကွန်ပျူတာအသုံးပြုနေတဲ့
အချိန်တွေမှာ နောက်ကွယ်ကနေ HDD ရဲ့  ကျန်းမာရေးကို စစ်ဆေးပေးနေစေချင်ရင်Smart Report နဲ့ စစ်ဆေးပေးနိုင်တယ်။Smart Report ဆိုတာက (Self Monitoring Anaysis Reporting Tool) လို့ ခေါ်ပါတယ်။ကွန်ပျူတာအသစ်၊ HDD အသစ်ဝယ်ယူတဲ့
အခါတွေမှာလည်း ဒီ Smart Report နဲ့ စစ်ဆေးပေးပြီးမှ ဝယ်ယူသင့်ပါတယ်။

Smart Report နဲ့  HDD ကျန်းမာရေးစစ်ဆေးချင်ရင် cmd မှာ အောက်ပါ
command ကို ရိုက်ထည့်လိုက်ပါ။
wmic diskdrive get status
Status က OK ဆိုရင် HDD
ကျန်းမာရေးအခြေနေကောင်းပါတယ်။
#Crd

MHP Computer Service  
Phone : 09.785339901, 09.965726404 
Viber : 09.785339901  
Email : myanmar.mhp@gmail.com

0 on: "Harddisk ကျန်းမာရေးစစ်ဆေးနည်း"