ကွန်ပျူတာဘက်ထရီသက်တမ်းကြာရှည်ခံစေဖို့Setting တွေ ချိန်ထားမယ်
ကွန်ပျူတာဘက်ထရီကြာရှည်ခံစေဖို့ဘယ်လိုလုပ်ရမလဲအမေးများထားလို့ဒီပို့ စ်ကို တင်လိုက်ပါတယ်။ အခုဖော်ပြမှာကတော့Windows 10 သုံးတဲ့သူတွေအတွက်အဓိကဖော်ပြပေးချင်ပါတယ်။Windows 7,8 မသုံးတာကြာနေလို့ 7,8 သမားတွေအတွက်တော့ တူချင်မှ တူပါမယ်။
အရင်ဦးဆုံးဘက်ထရီပျက်စီးစေနိုင်တဲ့အချက်လေးတွေကိုဖော်ပြပေးသွားပါမယ်။
(1) ဘက်ထရီကိုအားကုန်တဲ့အထိအားမသွင်းပဲ သုံးနေရင်ကြာရင် ပျက်စီးနိုင်ပါတယ်။
(2) ကွန်ပျူတာမှာဆော့ဝဲလ်တွေအများအပြာသုံးနေရင်တစ်ချို့ ဆော့ဝဲလ်တွေက ဘက်ထရီအား အလွန်အကျွံသုံးတဲ့အတွက်ကြာရင်ပျက်စီးနိုင်ပါတယ်။
(3) မီးအတက်အကျမငြိမ်ရင်ပျက်စီးတတ်ပါတယ်။
(4) 100 % အထိပြည့်နေသော်လည်းမဖြုတ်ပဲ သွင်းထားရင် အခုနေ ဘာမှမဖြစ်ပေမယ့် ကြာလာရင် ပျက်စီးတတ်ပါတယ်။
(5) ဗို့ အားမတူတဲ့ တစ်ခြား Adapter နဲ့ သွင်းရင်လည်း ပျက်စီးနိုင်ပါတယ်။
(6) ဘက်ထရီသက်တမ်းကုန်သွားရင်လည်းအားမဝင်တော့ပဲဖြစ်နေမှာပါ။
(7) စက်ရုံကထုတ်ကတည်းကမကောင်းလို့ ပျက်စီးတာလည်း ဖြစ်နိုင်ပါတယ်။
(8) တစ်ခြားအကြောင်းတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ကျွန်တော် အထင်တွေပဲ ရေးသားထားတာ ဖြစ်ပါတယ်။
အဲ့ဒီလို မပျက်စီးစေဖို့  ဘယ်လိုကြိုတင်ကာကွယ်လုပ်ဆောင်ရမလဲ။ဘက်ထရီအား မကုန်လွယ်စေဖို့  ဘက်ထရီအားကို အကန့် သတ်နဲ့ သုံးမယ်။ အရင်ဦးဆုံးBattery Saver Mode ကိုသုံးမယ်။Notification Action Center Icon ကိုနှိပ်လိုက်ပါ။Battery Saver ကိုClick တစ်ချက်နှိပ်ပေးလိုက်ရင်On ဖြစ်သွားမှာပါ။မိမိကွန်ပျူတာScreen လည်းနည်းနည်းမိန်သွားမှာပါ။နောက်တစ်နည်းကBrightness ကိုအတိုးအလျှော့လုပ်မယ်။ခုနကလိုပဲNotification Icon ကိုနှိပ်လိုက်ပါ။Brightness ပုံလေးကိုclick တစ်ချက်စီနှိပ်ပေးလိုက်ရင်0%, 25%, 50%, 75% ,100% အထိအတိုးအလျှော့ချိန်လို့ရတယ်။ 25 % ထားရင် ဘက်ထရီအကုန်ကျနည်းပါတယ်။Action Center မှာBattery Saver, Brightness Icon မထည့်ထားရင်Settings ထဲကNotification & Actions ထဲဝင်ပြီးထည့်လို့ ရပါတယ်။
ဒါမှမဟုတ်ရင်လည်းControl Panel\All Control Panel Items\Power Options ထဲဝင်ပါ။
လက်တော့ပေါ်ကဘက်ထရီပုံကိုRight Click နှိပ်ပြီးpower options ကိုနှိပ်ဝင်လည်းရတယ်။အဲ့ဒီမှာ On battery ဆိုတာနဲ့ Plugged in ဆိုပြီးoptions နှစ်ခုရှိပါမယ်။Computer Display ကိုဘယ်အချိန်ဘယ်နစ်မိနစ်ကြာရင်ပိတ်စေချင်သလဲTurn off the display မှာကြိုက်သလိုရွေးပေးလိုက်ပါ။ဘယ်အချိန်sleep ဖြစ်စေချင်သလဲput the computer sleep မှာကြိုက်တဲ့မိနစ်ကိုရွေးပေးပါ။ဘက်ထရီအားသက်သာစေချင်တဲ့အတွက်အနည်းဆုံးမိနစ်တွေကိုရွေးပေးလိုက်ပါ။Adjust plan brightness မှာလည်းအနည်းဆုံး အတိုးအလျှော့လုပ်ပါ။
Change Advanced power settings ကိုနှိပ်ပါ။Balanced Active အောက်မှာကွန်ပျူတာရဲ့ ဘယ်အစိတ်ပိုင်းတွေမှာဘက်ထရီကို ဘယ်အချိန်မှာ အပိတ်အဖွင့်လုပ်ဖို့options တွေတွေ့ ရမှာဖြစ်ပါတယ်။ ကျွန်တော့်ကွန်ပျူတာမှာတော့Harddisk ကနေစပြီးBattery အထိ အာလုံးပေါင်း 13 ခုရှိပါတယ်။ အဲ့ဒီတစ်ခုချင်းစီကိုဘေးမှာပါတဲ့ အပေါင်းလက္ခဏာကို ထပ်ချဲ့ လိုက်ပါ။ အဲ့ဒီမှာ တစ်ခုချင်းစီကို 10 မိနစ်စသည့်ဖြင့်အနည်းဆုံးlevel ထား၊ တစ်ချို့ မလိုအပ်တာတွေကိုPaused လုပ်ထား၊တစ်ချို့ ကို Disable လုပ်ထား စသည့်ဖြင့် မိမိလိုအပ်သလိုချိန်ညှိပါ။အခုပြောချင်တာကအောက်ဆုံးကBattery ရဲ့ ဘေးနားက အပေါင်းလက္ခဏာကို နှိပ်ပါ။ Low battery level မှာဘယ်မိနစ်ဆိုlow level ဖြစ်ချင်သလဲသတ်မှတ်ပါ။ ဘက်ထရီအားနည်းနေရင်Notification ပြဖို့ low battery notification မှာOn လုပ်ထားပါ။ဘက်ထရီ အားကုန်နေလို့ ဘယ်မိနစ်ဆို စက်ကို ဘာလုပ်စေချင်သလဲ သတ်မှတ်ပေးပါ။ ကျနော်ကတော့ sleep ပေးထားတယ်။ မိမိကြိုက်သလို သတ်မှတ်ပေးထားလိုက်ပါ။အကုန်လုံးပြီးရင်Ok နှိပ်ထွက်ပြီးSave Change လုပ်ဖို့မမေ့ပါနဲ့ ။
အဲ့ဒီ power option အောက်မှာပဲ ကိုယ်တိုင် power plan တွေ ချထားလို့ ရတယ်နော်။ ဘယ်အချိန်မှာ စက်ကို ပိတ်စေချင်၊ Sleep စသည့်တွေကိုလည်း လုပ်ထားလို့ ရတယ်။ ကိုယ်တိုင်လုပ်ကြည့်ပါ။
နောက်တစ်ခုက ဘက်ထရီအားမသုံးစေချင်တဲ့App တွေကို ပိတ်ထားမယ်။ All Setting\ System\Battery ထဲကိုဝင်ပါ။Battery usage by app ကိုနှိပ်လိုက်ရင်ဘယ် app တွေက ဘက်ထရီဘယ်လောက်သုံးတယ်ဆိုတာမြင်တွေ့ ရမှာပါ။ Show Filter မှာAll Apps နဲ့ App with usage ပြောင်းကြည့်လို့ ရတယ်။
App တစ်ခုကို Double click နှိပ်လိုက်ရင်Let Windows decide ကိုအမှန်ခြစ်ဖြုတ်ပြီးReduce the work app ကိုအမှန်ခြစ်ပေးလိုက်ပါ။ကျန်တဲ့ App တွေကိုလည်း ဒီအတိုင်း ကန့်သတ်ထားလိုက်ပါ။အောက်မှာbattery power saver, low screen brightness,Video performance တွေကိုလည်း ကြိုက်သလိုချိန်ညှိလိုက်ပါ။ဘယ်လိုပဲလုပ်ထားစေဦးတော့မိမိသုံးရင်သုံးသလောက်ဘက်ထရီအားလည်းကုန်မှာပါ။ဘက်ထရီကလည်း လူတွေထုတ်တဲ့အရာဖြစ်တဲ့အတွက်အချိန်တန်ရင်တော့ပျက်စီးမှုဖြစ်မှာပဲ။Battery အားပြည့်ရင်အချက်ပေးတဲ့ ဆော့ဝဲလ်တွေရှိပါတယ်။ဒေါင်းလုပ်ဒ်ဆွဲပြီးInstall လုပ်ထားလိုက်ပါ။
#crd
MHP Computer Service
Phone : 09.785339901, 09.965726404
Viber : 09.785339901
Email : myanmar.mhp@gmail.com
0 on: "ကွန်ပျူတာဘက်ထရီသက်တမ်းကြာရှည်ခံစေဖို့ Setting တွေ ချိန်ထားမယ်"